ကြော်ငြာတင်ရန်
English Language

MinnThu.com

မြန်မာနိုင်ငံ၏အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုဒ်

ပန်းပဲတန်းမြို့နယ်တွင် ‌စျေးတန်တိုက်ခန်းအမြန်ရောင်းမည်

  • ပန်းပဲတန်းမြို့နယ်တွင် ‌စျေးတန်တိုက်ခန်းအမြန်ရောင်းမည်
  • ပန်းပဲတန်းမြို့နယ်တွင် ‌စျေးတန်တိုက်ခန်းအမြန်ရောင်းမည်
  • ပန်းပဲတန်းမြို့နယ်တွင် ‌စျေးတန်တိုက်ခန်းအမြန်ရောင်းမည်
  • ပန်းပဲတန်းမြို့နယ်တွင် ‌စျေးတန်တိုက်ခန်းအမြန်ရောင်းမည်
  • ပန်းပဲတန်းမြို့နယ်တွင် ‌စျေးတန်တိုက်ခန်းအမြန်ရောင်းမည်

450 သိန်း(ကျပ်)

ရန်ကုန်တိုင်းဒေသကြီး | ပန်းပဲတန်း

တိုက်ခန်း | 7 လွှာ

12.5'*40' sqft


MT-1121556


တိုက်ခန်းအမြန်ရောင်းမည်
ရန်ကုန်မြို့လည် Downtown ဧရိယာထဲမှာမှ ဗိုလ်ချုပ်ဈေး ၊ သိမ်ကြီးဈေး ၊ Junction City စသည့် အထင်ကရ ဈေးကြီးများ၊ စားသောက်ဆိုင် များ
(ကမ်းနား ညဈေးမှာ စားမလား ၊အနော်ရထာလမ်းကြီး ပေါ်က ဆိုင်တွေမှာစားမလား၊ မဟာဗန္ဓုလ လမ်းပေါ်က ဆိုင်တွေမှာစားမလား ) 😁၊ ဈေး (ဟင်းသီးဟင်းရွက် အသားငါးဝယ်မလား ၊ကုန်စုံ ကုန်ခြောက်ဝယ်မလား )၊ ကားဂိတ် (လမ်းထိပ်တွင်ကားမှတ်တိုင်ရှိ) ၊ကျောင်း (အစိုးရကျောင်း မူလတန်းကနေ အထက်တန်းထိ ကျောင်းများ အနီး ၊ Private School အနီးအနား 2 ခု ရှိ) ၊ ဆေးခန်း ဘေးတစ်လမ်းကျော် ရွှေဘုံသာလမ်းတွင် ဆေးခန်းအစုံ ရှိ စသည့်လိုအပ်ချက် အားလုံး နှင့်အနီး ဆုံး အဆင်အပြေဆုံးပန်းဘဲတန်းမြို့နယ် လမ်း ၃၀ အလည်လမ်း ရှိ တိုက်ခန်းလေးကိုပိုင်ရှင်ကိုယ်တိုင်ရောင်းပေးချင်ပါတယ်။ မြေရှင် ရှိပြီး ပတ်ဝန်းကျင်ကောင်း ၊ ပတ်ဝန်းကျင်သန့်ပါတယ်
အခန်းလေးရဲ့ အကျယ်အဝန်းက 12.5’*40’ပေ ရှိပြီး ၊အထပ်အမြင့်က ၉ လွှာတိုက်မှာ ၇ လွှာ ပါ ၊ မိသားစုလေးတစ်စု ကောင်းကောင်းနေလို့ရတယ့် အကျယ်အဝန်းလေးရှိပါတယ် ၊ ၇ လွှာ ဆိုပေမယ့် လှေခါး ပြေလို့ သာမန် တိုက် ၅ လွှာ တက်ရသလောက်ပဲရှိပါတယ်

အခန်းလေးရဲ့ အပြင်အဆင်က လူကြီးမင်းတို့ စိတ်ကြိုက်အခန်းဖွဲ့လို့ရအောင် အခန်းမဖွဲ့ထားပေမယ့် ၊ တစ်အိမ်လုံကို ဖယောင်းပုဆိုးအကောင်းစားခင်းထားပေးပြီး ဆေးအကောင်းစား အသစ်သုတ်ထားပါတယ် ၊ရေချိုးခန်း အိမ်သာ မှာနံရံ၃ ပေ အမြင့် ထိကြွေပြား ကပ်ထားပြီး၊ အောက်ကိုလည်းခင်းထားပါတယ် ၊ ကျောက်ခုံ ပတ်လည်ကိုလည်း ကြွေပြားကပ်ထားပါတယ် ၊ အိမ်သာကတော့ လူကြီး လူငယ် မရွေးအဆင်ပြေတယ့် ဘိုထိုင် အိမ်သာလေးပါ ၊ အိမ်လေးကိုကြိုက်နှစ်သက်လို့ ဝယ်ယူမည့် သူကိုလည်း လက်ရှိတက်ထားတယ့် 1.5hp Chigo အဲယားကွန်းကို လက်ဆောင်အနေနဲ့ထားခဲ့ပေးပါမယ်

ဒီလောက်အချက်အလက်တွေနဲ့ပြည့်စုံနေလို့ အခန်းလေးကိုဈေးများမယ်မထင်ပါနဲ့နော် ၊ အခန်းလေးရဲ့တန်ဖိုး သိန်း ၄၅၀ ကိုမှ အပြောကောင်းရင် အပြောကောင်းသလို ထက်လျှော့ပေးမှာ မို့လို့ အတွေးမမှားပဲ လာကြည့်ကြည့်ပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ

စိတ်ဝင်စားလို့ကြည့်ချင်တယ်ဆိုရင်တော့ 09785053789 ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ


ကြော်ငြာပိုင်ရှင်အားဆက်သွယ်ရန်